ပေါက်ခေါင်းမြို့နယ် လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါက်ခေါင်းမြို့နယ် လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

.

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးတွင် အောက်တိုဘာလ ၂၀ ရက်၊ ညပိုင်းက ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲဝင်များ သေဆုံးနိုင်ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုထံက သိရသည်။

.

အောက်တိုဘာလ ၂၀ ရက်၊ ည ၇ နာရ ၄၅ မိနစ်နှင့် ည ၈ နာရီ ၁၅ မိနစ်တို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝေးထိန်း ရီမု (Remote) မိုင်းဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း ပေါက်ခေါင်းလွတ်မောက်ရေးအင်အားစုမှ တာဝန်ခံ ဗိုလ်ဒိုင်ကြီးက ပြောဆိုသည်။

.

အဆိုပါ မိုင်းပေါက်ကွဲမှုကို မြို့ပြလူကြီးလူကောင်းများအဖွဲ့က မြို့ပြကျောက်ခဲဟင်းညို စစ်ဆင်ရေးအမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာများနှင့် Non-CDMများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးဖြစ်ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats