.
မန္တလေး-လားရှိုး မီးရထားလမ်းပိုင်း၊
မန္တလေးမြို့သစ်တွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နေ့လယ်ပိုင်းက အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး
ရထားတိုက်ခံရပြီး ခြေထောက်ပြတ်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အဆိုပါ မန္တလေး-လားရှိုး
မီးရထားလမ်းပိုင်း၏ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်အစပ်၊ မန္တလေး
မြို့သစ်၊ ၅၆ လမ်းအနီးတွင် အောက်တိုဘာလ ၂ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က ရထားတိုက်မှု
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းနေရာသည် လူသူ ရှုပ်ထွေးသည့်
နေရာတစ်ခုဖြစ်ပြီး ကလေးငယ်မှာ အရှိန်ဖြင့် မောင်းလာသည့် ရထားကို ရုတ်တရက် မရှောင်နိုင်သည့်အတွက်
ရထားနင်းခံလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
ရထားတိုက်ခံရမှုကြောင့်
ကလေးငယ်တွင် ယာဘက်ခြေထောက် ပြတ်ထွက်သွားပြီး လူနာအား မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့က
မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ Photo - မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ ]
.