ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုံးသုန်ကျေးရွာ နှင့် ပေါတုပ်ကျေးရွာ သွား လမ်းကွေ့ တစ်နေရာ၌ ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ထော်လာဂျီ တိမ်းမှောက်မှု ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။
.
“ ဘုန်းကြီးကျောင်း တက်ဖို့လာတဲ့ ထော်လာဂျီ ဘရိတ် ပေါက်ပြီးတော့ မှောက်သွားတာ။ ဒဏ်ရာရတဲ့လူတွေ ရှိတယ်။ စီးလာတဲ့သူက ၂၅ ယောက်လောက်ပါတာကို ၁၃ ယောက်လောက် ဒဏ်ရာ ရတယ်လို့ သိရတယ်။ ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ ဒဏ်ရာ ရသူများအနက် ဒဏ်ရာ ပြင်းထန်သည့် ကလေးငယ် တစ်ဦးကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ လည်းကောင်း၊ အမျိုးသား တစ်ဦးအား ကလောဆေးရုံသို့ လည်းကောင်း အောင်ပန်း နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။