ရှမ်းတောင် ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာ



ရှမ်းပြည်နယ်တောင်ပိုင်း အတွင်း လှုပ်ရှားလျှက်ရှိသော ဒေသခံ‌ တော်လှန်ရေးအင်အားစုများ နှင့်‌ မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့ကို စုစည်း၍ ဒေသခံတော်လှန်ရေး တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်က ထုတ်ပြန် ကြေညာထားသည်။

.

တော်လှန်ရေးအင်အားစု တာဝန်ခံများ တွေ့ဆုံ၍ အင်အားစုကြီး တစ်ရပ်ဖြင့် တော်လှန်ရေးကို ပိုမို အရှိန်ဟုန်မြှင့် လုပ်ဆောင်နိုင်ရန်၊ အချင်းအချင်း အပြန်အလှန် ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများ ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ပြီး‌နောက် ယင်းကဲ့သို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပူး‌ပေါင်း ချိတ်ဆက်ပြီး စစ်‌ရေးများ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ဗဟိုကော်မတီ ကိုပါ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

.

အဆိုပါ တပ်ပေါင်းစုတွင် ပူးပေါင်းပါဝင်သော အဖွဲ့အစည်းများမှာ Force 36 Ranger ၊ Joe Phyu Guerrilla Force ၊ Ye-Ngan Urban Guerrillas ၊ Urban Task Force Aung Ban - UTF နှင့် RED ANTS guerilla force တို့ ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း အတွင်း လှုပ်ရှားလျှက်ရှိသော အခြားတော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း ပူးပေါင်း ပါဝင်ရန်ကိုလည်း ရှမ်းတောင် ဒေသခံတော်လှန်ရေးတပ်ပေါင်းစု က ဖိတ်ခေါ်ထားသည်။

Journal Download

Photo of three cats