စစ်ကောင်စီ၏ ပွန်ချောင်းခြေကုပ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်များ ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ ပွန်ချောင်းခြေကုပ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်များ ဝင်တိုက်



ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ် နှင့် ရှားတောမြို့နယ် အကြားရှိ စစ်ကောင်စီ၏ ပွန်ချောင်းခြေကုပ်တပ်စခန်းအား အောက်တိုဘာလ ၁၁ ရက်တွင် ကရင်နီပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။ 

.

တိုက်ခိုက်မှုကို KNDF ၊ KA ၊ SSRY တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ခြေကုပ်စခန်းတွင်းမှ ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အတည်ပြု၍ မရ‌ကြောင်းနှင့် ပူးပေါင်းတပ်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF က ဆိုသည်။

.

အဆိုပါ ပွန်ချောင်းခြေကုပ်စခန်းတွင် လက်နက်ကြီးများ ပစ်ခက်ရန် စစ်ကောင်စီတပ်သားများက ပြင်ဆင်နေကြောင်း ထောက်လှမ်း သိရှိရ၍ ပစ်ခက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

.

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် အင်အားဖြည့်တင်းခြင်းများအား လုပ်ဆောင်နေပြီး လက်နက်ကြီးများဖြင့်လည်း ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို နေ့စဥ် လုပ်​ဆောင်လျှက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats