မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်အရှေ့ပိုင်းသို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာလ ၁၀ ရက်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး ပခုက္ကူနှင့် မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Young Force-UG က ထုတ်ပြန်သည်။
.
မဟာမိတ်တပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ကူများကြောင့် ပစ်မှတ် သို့ ဖြည်းဖြည်းချဥ်း ကပ်၍ အနီးကပ် ပစ်ခတ်နိုင်ခဲ့သော်လည်း လက်နက်/ခဲယမ်း မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနှင့် စစ်ကောင်စီတပ်မှာ ထမ်းစင်ပုခက်များ၊ ဂျိုင်းထောက်များဖြင့် ပြန်လည်ဆုတ်ခွာသွားသည်ဟု Young Force-UG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။