.
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့်
မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင်
ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့်အတွက် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း
သိရသည်။
.
.စစ်ကောင်စီတပ်သည် ယနေ့
အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၄ နာရီခန့်မှ စတင်၍ ရေစကြိုမြို့နယ်၊ စိုင်သေ ကျေးရွာနှင့်
သံပြာချောင်းကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
.
မကွေးတိုင်းအတွင်းရှိ
ပခုက္ကူ၊ ရေစကြိုနှင့် မြိုင် ၃ သုံးမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်က
စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး ယမန်နေ့ကတည်း က စိုင်သေရွာအား
ဝင်ရောက်မွှေနှောက်ခဲ့ကာ ညပိုင်းတွင် မြေမလှရွာတောင်ဘက်ရှိ ဒေသအခေါ်ဇာလီတောင်ပေါ်၌
ညအိပ်စခန်းချခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မီးဆင်းရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.