အင်ဒိုနီးရှားဘောလုံးပြိုင်ပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း ဆုတောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်ဒိုနီးရှားဘောလုံးပြိုင်ပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း ဆုတောင်း

.

လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရသည့် အင်ဒိုနီးရှားဘောလုံးပြိုင်ပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများ အတွက် ဝမ်းနည်းခြင်း ဆုတောင်းမှုများကို အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

.

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်က ကစားခဲ့သည့် အမှတ်ပေး‌ ဘောလုံးပွဲစဉ် တစ်ခုအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူပိမိသည့်အတွက် သေဆုံးသူ အနည်းဆုံး ၁၇၄ ဦး ရှိပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

.

အင်ဒိုနီးရှား ထိပ်တန်း လိဂ်-၁ ပြိုင်ပွဲတွင် အိမ်ရှင် Arema Fc က ပြိုင်ဘက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်များ ကစားကွင်းအတွင်းသို့ ဝင်ရောက်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ် လူစုခွဲချိန်တွင် နှစ်ဘက်ပရိသတ် ရန်စောင်လာပြီး လူအများ ထိတ်လန့်ထွက်ပြေးရာမှ အပေါက်ဝတွင် လူပိမိပြီး မွန်းကြပ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုများ မပြီးမချင်း ထိပ်တန်း လိဂ်-၁ ဘောလုံးပွဲစဉ်အားလုံးကို အင်ဒိုနီးရှားအာဏာပိုင်များက ဆိုင်းငံ့ထားပြီး ယခုဖြစ်စဉ်သည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် အဓိကရုန်းပွဲစဉ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats