၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ အမျိုးသမီး ၂ ဦး အကြမ်းဖက် ပုဒ်မများဖြင့် စွဲချက်တင်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ အမျိုးသမီး ၂ ဦး အကြမ်းဖက် ပုဒ်မများဖြင့် စွဲချက်တင်ခံရ

စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည့် ၈၈ မျိုးဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနုနုအောင် နှင့် မခက်ခက်လွင် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။
.
မနုနုအောင်၊ မခက်ခက်လွင်နှင့် သားဖြစ်သူ ကိုမြတ်သူတို့သည် ဘားအံမြို့သို့ ဆေးကုသရန် သွားရောက်စဉ် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး‌နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။
.
၎င်းတို့သည် ဖမ်းဆီးခံရပြီး ၁၂ ရက်ကြာ စစ်ကြောရေး၌ စစ်ကြောခံရပြီးနောက် မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်ပြီး ကျိုက်မရောတရားရုံးတွင် ရုံးထုတ်စစ်ဆေးကာ ၄ လအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြစ်သော ၅၀(ည)၊ ၅၁(ဂ) တို့ဖြင့် အမှုဖွင့်၊ စွဲချက်တင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှု ဖြစ်ပြီး ၅၁(ဂ) သည် အကြမ်းဖက်မှု ကျူးလွန်ရန် ကူညီခြင်း၊ လက်နက်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှုတို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည်။

Journal Download

Photo of three cats