ကသာမြို့နယ်၌ စစ်ကောင်စီ တွေ့ဆုံပွဲအခမ်းအနားကို ဒရုန်းဖြင့် ဗုံးကြဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကသာမြို့နယ်၌ စစ်ကောင်စီ တွေ့ဆုံပွဲအခမ်းအနားကို ဒရုန်းဖြင့် ဗုံးကြဲ

 


စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၌ စစ်ကောင်စီတွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ် (၃၀၉)တပ်ရင်း အနီးရှိ သိမ်အင်းကျေးရွာသို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများရောက်လာပြီး အင်အား ၃၀ ခန့်ဖြင့် လုံခြုံရေးယူကာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အစည်းအဝေး တက်ရောက်နေသော ပြည်သူများ မထိခိုက်စေရန် ရည်ရွယ်၍ ဒရုန်းဖြင့် ဗုံးကြဲရာ သစ်ပင်ကိုသာ ထိမှန်ခဲ့ပြီး စစ်ကောင်စီအဖွဲ့များ အစည်းအဝေး ဖျက်သိမ်းကာ ထွက်ခွာသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats