နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို စစ်‌ကောင်စီတပ်က ၃ ရက်ဆက် မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို စစ်‌ကောင်စီတပ်က ၃ ရက်ဆက် မီးရှို့

.

မကွေးမကွေးတိုင်း နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ၃ ရက်ဆက်တိုက် မီးရှို့လျက်ရှိကြောင်း သိရသည်။

.



.

ဖက်တောရေကျေးရွာတွင် အောက်တိုဘာ ၁၆ ရက် ညကတည်းက နေအိမ်တလုံးကို မီးရှို့ခဲ့ပြီး ၁၇ ရက် ညကလည်း နေအိမ် ၄ လုံးခန့် မီးရှို့ခဲ့ကာ အောက်တိုဘာလ ၁၈ ရက်တွင် ထပ်မံမီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

.

နတ်မောက်မြို့နယ်တွင် အောက်တိုဘာလ ၁၆ ရက်က သတင်းပေးဒလန်ဆိုသုကို ရှင်းလင်းရန် သွားရောက်သည့် လမ်းခရီးတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ သေနတ် ၂ လက် ကို PDF များက ရယူနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီက ဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်။

.

Journal Download

Photo of three cats