.
ကရင်အမျိုးသမီးအစည်းအရုံး
(ဗဟို) မှ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်တွင် နဘူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား
အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
.ကရင်အမျိုးသမီးအစည်းအရုံး
(ဗဟို) ၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားရဲတပ်ဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ မြို့နယ်ဌာနဆိုင်ရာများက
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်တွင် နဘူးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သော
ဆန်၊ ဆီ၊ ငရုတ်၊ ဆား၊ အချိုမှုန့်၊ ငါးသေတ္တာ စသည်တို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း
KNU က ထုတ်ပြန်ထားသည်။
.
ကောက်ကရိတ်မြို့နယ်တွင်
အောက်တိုဘာလ ၂၂ ရက်က စတင်ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ
လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်နေပြည်သူအချို့နှင့် အနီးအနားရှိပြည်သူများသည်
ဖားအံခရိုင် နဘူးမြို့နယ်တွင် အများအပြား လာရောက်တိမ်းရှောင်နေရခြင်းဖြစ်ပြီး
စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။
.