ကလောမြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၉၆/၄) နှင့် (၉၆/၅) ကြား၌ ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက် အစောပိုင်းက ဆီဘောက်ဆာယာဥ် တိမ်းမှောက်၍ ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက် တို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
.
" ဆီဘောက်ဆာ ကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ။ ဒရိုင်ဘာနဲ့ စပယ်ယာ ဒဏ်ရာ ရသွားတယ်လို့ ပြောတယ်။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုအား မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းဝင်များက သွားရောက် ကူညီ ကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့် ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက် တို့ကိုလည်း ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။