ရန်ကုန်မြို့ရှိ အမှတ်(၂) ကမာကြည်တံတားပေါ်မှ ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၉ နာရီခန့်တွင် အသက် ၂၀ ဝန်းကျင် အရွယ်အမျိုးသမီး တစ်ဦး ခုန်ချ (သတ်သေ) ခဲ့ကြောင်း သိရသည်။
.
အမှတ်(၂) ကမာကြည်တံတားသည် တောင်ဒဂုံနှင့် သာကေတမြို့နယ်ကြားရှိ ငမိုးရိပ်ချောင်းကို ဖြန်ကျော် သွယ်တန်းထားသည့် တံတား ဖြစ်ပြီး ခုန်ချသူကို လူမှုကူညီရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ဟု သိရသည်။
.
လက်ရှိတွင် ငမိုးရိပ်ချောင်းမှာ ရေစီးသန်နေ၍ ရှာဖွေကယ်ဆယ် ဆင်းဖို့ရာ မလွယ်ကူဘဲ ဖြစ်နေသည်ဟု ကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ က ဆိုသည်။
.
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကမာကြည်တံတားပေါ်မှ လည်းကောင်း၊ ဩဂုတ်လ၂၉ ရက်တွင် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး အင်းလျားကန်တွင်းသို့ လည်းကောင်း ခုန်ချ သတ်သေခဲ့သည့်အပြင် ဩဂုတ်လ ၂၅ ရက်ကလည်း အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လူကူးခုံးကျော် တံတားပေါ်မှ ခုန်ချကာ သေကြောင်း ကြံစည်ခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။