မန်တုံရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် မြို့နယ်ထွေအုပ်အိမ်ရာ မီးရှို့ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန်တုံရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် မြို့နယ်ထွေအုပ်အိမ်ရာ မီးရှို့ခံရ

.

တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ မန်တုံမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး ၂ ရက်အကြာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိမ်ရာ ထပ်မံမီးရှို့ခံခဲ့ရကြောင်း သိရသည်။

.

.

မန်တုံမြို့၊ မြို့မရပ်ကွက်ရှိ ထွေအုပ်နေအိမ်ကို စက်တင်ဘာလ ၃၀ ရက်၊ ည ၁၂ နာရီခန့်က PDF/KIA ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ရွှေဖီမြေသတင်းတွင် ဖော်ပြထားသည်။

.

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး အိမ်ရာကို PDF/KIA က ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယင်းနေအိမ် တွင် လူနေထိုင်ခြင်းမရှိကြောင့် လူအထိအခိုက်မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

.

စက်တင်ဘာလ ၃၀ ရက်၊ ည ၈ နာရီကျော် အချိန်မှစ၍ စစ်ကောင်စီ၏ ခလရ (၁၃၀)တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် တိုပ်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

.

Journal Download

Photo of three cats