ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း အတွက် လိုအပ်သော အခြေခံ စားသောက်ကုန်များကို ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် က ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
စစ်ရှောင်များအတွက် ဆန် အပါအဝင် ရိက္ခာဆို၊ ရိက္ခာခြောက်များ ကူညီလှူဒါန်းခြင်း အပြင် စစ်ရှောင်ပြည်သူများ အာဟာရ ရရှိစေရန် အသားဟင်းကျွေးခြင်း၊ ကလေးငယ်များအတွက် အားဖြည့်အချိုရည်နှင့် သင်ထောက်ကူ ပစ္စည်းများ ပေးဝေခြင်း၊ အဝတ်အထည်များ ပေးဝေခြင်း၊ ကျန်းမာရေး အသိပညာ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
" ရာသီဥတု အပြောင်းအလဲများ ၊ အလှူရှင်နည်းပါးလာမှု နှင့် သွားလာရာ အခက်အခဲ၊ ကုန်စျေးနှုန်း အဆမတန် တက်ခြင်းကြောင့် စစ်ရှောင်ပြည်သူများ ပိုမို အခက်အခဲ ဖြစ်လာကြရပါသဖြင့် မိဘပြည်များနီးစပ်ရာ နိုင်သလောက် ပို ကူညီဖို့လည်း အထူးဖိတ်ခေါ်လိုပါတယ်။" ဟု ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် က ဆိုသည်။
.
စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသောပစ္စည်းများမှာ အအေးဒဏ်ကို ကာကွယ်နိုင်ရန် စောင်၊ အနွေးထည်၊ အနွေးခြေအိတ်နှင့် ဦးထုပ်များ ဖြစ်ကြောင်း သိရသည်။
.
ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် သည် ယနေ့ အောက်တိုဘာလ ၂၃ ရက်တွင်လည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်မိသားစုများ အတွက် လိုအပ်သော အခြေခံစားနပ်ရိက္ခာများကို အလှူရှင်များ ကိုယ်စားသွားရောက် ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။