နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၈/၂)နှင့် (၂၂၈/၃ )အကြား၌ ယနေ့ အောက်တိုဘာလ ၂၆ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် ခရီးသည်တင်ယာဥ် တစ်စီး အရှိန်မ ထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ၃ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်ရာ နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၇ ဦးအနက် အမျိုးသား ၃ ဦး သေဆုံး၍ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်ကလည်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၃/၀) ဖာလုံအနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။