ကနီတွင် စစ်ကောင်စီ၏ ရေယာဉ်နှင့် စစ်သင်္ဘောများအား ပကဖများ ပူးပေါင်းတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကနီတွင် စစ်ကောင်စီ၏ ရေယာဉ်နှင့် စစ်သင်္ဘောများအား ပကဖများ ပူးပေါင်းတိုက်ခိုက်

.

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်၏ ရေယာဉ်နှင့် စစ်သင်္ဘောများကို ဒေသတွင်း ပကဖများ ပူးပေါင်းတိုက်ခိုက် ခဲ့ကြကြောင်း သိရသည်။

.


.

ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ စစ်သင်္ဘောအပါအဝင် ရေယာဉ် ၁၃ စီးကို ယနေ့ အောက်တိုဘာလ ၇ ရက်၊ နံနက် ၇ နာရီခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး စနိုက်ပါထိမှန် သေဆုံး ခဲ့ကြောင်း KLG PDF (ကျောက်လုံးကြီး) ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

.

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီတပ်၏ စစ်သင်္ဘောအပါအဝင် ၁၃ စီးကို ကနီမြို့နယ် ကမ်းပြိုရွာ အရောက်တွင် KLG PDF အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

.

 

Journal Download

Photo of three cats