ဗိုလ်ချုပ်အောင်ဆန်း ဇာတိ နတ်မောက်တွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဗိုလ်ချုပ်အောင်ဆန်း ဇာတိ နတ်မောက်တွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ

.

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိဖြစ်သော နတ်မောက်မြို့နယ်အတွင်း စစ်ကောင်စီ တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

.


.

နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က စစ်ကောင်စီတပ်နှင့် ဒေသ PDF များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သည့်အတွက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်က ရွာလုံးကျွတ် ဖမ်းဆီးထားပြီး ဒေသခံရွာသားများဩ ဖုန်းများကို သိမ်းဆည်းထားကြကြောင်း သိရသည်။

.

နတ်မောက်မြို့နယ်အတွင်း ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်က ဒလန်ရှင်းရန် သွားရောက်သည့် ကာကွယ်ရေး အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ သေနတ် ၂ လက် ကို သိမ်းဆည်းရမိခဲ့ကြောင်း ဗိဿနိုး PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုထားသည်။

.

Journal Download

Photo of three cats