မန္တလေးတွင် ရပ်ကွက်ရုံးစာရေး အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန္တလေးတွင် ရပ်ကွက်ရုံးစာရေး အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သေဆုံး

.

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်က အသက် ၂၅ နှစ်အရွယ် ရပ်ကွက်ရုံး စာရေးမတစ်ဦး ဆိုင်ကယ်တိမ်းမှောက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း၊ ၃၃ နှင့် ၃၄ လမ်းအကြားတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်တိမ်းမှောက် သေဆုံးနေသည့် အမျိုးသမီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူမှာ ချမ်းအေးစံမြို့နယ်၊ ပြည်ကြီးမှန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးမ ဖြစ်ကြောင်း လူမှုကွန်ရက် များတွင် ရေးသားဖော်ပြထားပြီး ဆိုင်ကယ်ရှေ့ပိုင်းမှာ ပျက်စီးနေကာ အနီးရှိ သစ်ပင်တွင်လည်း ဆိုင်ကယ်တိုက်ခံ ထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။

.

ဆိုင်ကယ်သည် လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး မျက်နှာဖူးရောင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းလွှင့်ထားသည်။

.

Journal Download

Photo of three cats