စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် ကာလအတွင်း ကရင်နီ (ကယား)ပြည်နယ်၌ အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၂၇၄ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
.
ကရင်နီပြည်၏ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းနှင့် ပတ်သက်၍ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖာ်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်အထိ အခြေအနေတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်က ကရင်နီပြည်၌ လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၆၅ ဦး သေဆုံး၍ ဘာသာရေး အဆောက်အုံ ၂၇ လုံး၊ ပြည်သူပိုင်နေအိမ် ၁၂၄၄ လုံး ပျက်စီးခဲ့ရသည်ဟုလည်း သိရသည်။
.
ကရင်နီ (ကယား) ပြည်နယ်အတွင်း၌ အာဏာသိမ်း ကာလအတွင်း တိုက်ပွဲပေါင်း ၄၈၈ ကြိမ် ဖြစ်ပွားခဲ့ရာ KNDF၊ PDF၊ KA ဘက်မှ ကျဆုံးသူ ၁၇၁ ဦး၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅၉၀ ဦး ရှိ၍ စစ်ကောင်စီယာဥ် ပျက်စီးမှု ၅၆ စီး ရှိခဲ့သည်ဟု PKPF က ဆိုသည်။
.
ထို့အတူ အာဏာသိမ်း ကာလအတွင်း မတရားဖမ်းဆီးခံရသူ ၂၇၃ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။