လွိုင်ကော်တွင် ၃ ပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်တွင် ၃ ပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံး

.

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နှင့် အနီးအနား ဒေသများတွင် ၃ ပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNDF တပ်ရင်း ၂ က သတင်းထုတ်ပြန် ထားသည်။

.


.

လွိုင်ကော်မြို့နယ် ပဒါးညေးရွာ၊ ကယန်းသာယာရွာ၊ မော်ချီးစုရွာ၊ နန်းကွတ်ရွာ၊ နွားလဝိုးရွာ၊ ဝါရီကောခူရွာ အနီးနှင့် ရှားတော မြို့နယ် ပွန်ချောင်းဒေသများတွင် စက်တင်ဘာ ၂၆ မှ အောက်တိုဘာလ ၁၇ ရက်အထိ ၃ ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF၊ USSFU၊ Loikaw PDF တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

.

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်က မော်ချီးစုရွာမှ ပဒါးညေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်များမှ ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

ထို့အတူ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ဘက်မှ ၁၂ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကာ KNDF ပူးပေါင်းတပ်ဘက်မှလည်း ကျဆုံးမှု အချို့ ရှိခဲ့ကြောင်း သိရသည်။

.

ကရင်နီဒေသတွင် ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ စစ်ရှောင်များ အပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ ပြည်သူနေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats