မက္ကဆီကိုနိုင်ငံတွင် မြို့တော်ဝန်အပါအဝင် ၁၈ ဦး ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မက္ကဆီကိုနိုင်ငံတွင် မြို့တော်ဝန်အပါအဝင် ၁၈ ဦး ပစ်သတ်ခံရ

.

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ မြို့ငယ်တစ်ခုတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် မြို့တော်ဝန် အပါအဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.


.

လက်နက်ကိုင်အဖွဲ့သည် နှင်းလျှောစီးမျက်နှာဖုံးများ ဝတ်ဆင်ကာ ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ဆန်မစ်ဂူရယ် တိုတိုလာပန်မြို့မှ မြို့တော်ဝန်နှင့် မြို့တော်ဝန်ဟောင်း သားအဖ ကွန်ရာဒို မန်ဒိုဇာ၊ ဂျူအန် မန်ဒိုဇာ အပါအဝင် လူအများအပြားကို ပစ်သတ် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူများအနက် အများစုသည် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်ဟု သိရသည်။

.

မက္ကဆီကိုနိုင်ငံ၊ ဂူရီရိုပြည်နယ် အုပ်ချုပ်ရေးမှူး အီဗီလင်း ဆယ်လ်ဂါဒို ပီနီဒါက ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် ရှေ့နေချုပ်ရုံးကို တောင်းဆိုထားသည်ဟု သိရသည်။

.

“မြူနီစပယ် အကြီးအကဲနဲ့ ဒေသန္တရအစိုးရ အရာရှိတွေကို မလိုလားအပ်တဲ့ ရန်စမှု၊ ထိခိုက်နစ်နာစေမှုအတွက် အပြစ် လျှော့ပေါ့တာတွေ ရှိမှာမဟုတ်ဘူး” ဟု အုပ်ချုပ်ရေးမှူးက Twitter စာမျက်နှာတွင် ရေးသားထားသည်။

.

Journal Download

Photo of three cats