.
တန်းယင်းမြို့တွင် ယနေ့ အောက်တိုဘာလ ၃ ရက်၊ နေ့လယ်ပိုင်းက ဆိုလာဘက်ထရီ
ရှော့ခ်ဖြစ်ရာမှတစ်ဆင့် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တန့်ယန်းမြို့၊ ရပ်ကွက် (၈)၊ အုပ်စု (၇)၊ တပ်ဦးကျောင်းအနီးရှိ နေအိမ်တစ်လုံးတွင်
ယနေ့ နေ့လယ် ၁၂ နာရီခန့်က ဆိုလာဖြင့် ဘက်ထရီအားသွင်းရာမှ အပူလွန်ကဲ၍ ရှော့ဖြစ်ပြီး
နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားချိန်တွင် အိမ်ရှင်အားလုံး အပြင်သို့ ရောက်ရှိနေသည့်အတွက်
ပတ်ဝန်းကျင်မှ ဖုန်းဆက် အကူအညီ တောင်းခံလာခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် မီးသတ်ဝန်ထမ်းတစ်ဦးက
ပြောဆိုထားသည်။
.
မီးလောင်မှုကြောင့် သွပ်မိုးထရံကာအိမ်
တစ်ထပ်အိမ်တစ်လုံးနှင့် အိမ်တွင်းပစ္စည်း အများစု ပျက်စီးဆုံးရှုံးခဲ့ကြောင်း
သိရသည်။
.
တန့်ယန်းမြို့တွင် ပြီးခဲ့သည့် မတ် ၃ ရက်နေ့ နေအိမ် ၃လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီး
တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.