.
စစ်ကိုင်းတိုင်း၊
ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းက
စစ်အာဏာရှင် ဆန့်ကျင်ရေး ရွာလုံးကျွတ် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.
ထိုသို့ ဆန္ဒပြရာတွင် ဆန္ဒပြ ပြည်သူများက “ဘာတွေလဲ ၅/ ဝလန တွေ”၊ “၅/ရဲ့
ဝက်လက် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်”၊ “ဝက်လက်သွေးဟေ့
ရဲရဲနီ”၊ “ပျက်သုဥ်းနေတဲ့
လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်မယ်” စသည့်
စာသားများ ကိုင်ဆောင်၍ ချီတက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ဆန္ဒပြ ပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက
သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
.
[ ဓာတ်ပုံ - ဝက်လက်မြို့နယ်
လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ]
.