.
တနင်္ဿာရီတိုင်း၊ ထားဝယ်မြို့နယ်၊
ထားဝယ်-ထီးခီးလမ်းပေါ်တွင် အောက်တိုဘာလ ၁၄ ရက်က ထီးခီးဘက်သို့ လာရောက်သည့် စစ်ကောင်စီတပ်၏
စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်
အကျအဆုံးများပြားပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
.
.ထားဝယ်-ထီးခီးလမ်းပေါ်ရှိ
ဝကုန်းကျေးရွာနှင် သင်္ကန်းတုန်းကျေးရွာအကြားတွင် ထားဝယ်မှ ထီးခီးရွာဘက်သို့ ထွက်ခွာလာသည့်
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကော်သူလေးအာမီ တပ်ခွဲ ၃
၊သံမဏိပြောက်ကျား၊ ကျားသစ်နက်စစ်ကြောင်း၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အပါအဝင် ပူးပေါင်းတပ်များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲမှာ ဝကုန်းကျေးရွာတွင်
တစ်ကြိမ်၊ သင်္ကန်းတုန်းကျေးရွာတွင် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ
၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ကာ ကျောက်မဲတောင်ဘက်သို့ ကားများဖြင့် ပြန်လည်ဆုတ်ခွာ
သွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပူးပေါင်းတပ်များ၏
တိုက်ခိုက်မှုကို ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်များကို
လက်နက်နှင့် ရိက္ခာများ ပို့ဆောင်ရန် လာရောက်သည့် တပ်များဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်များသည်
ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးပြုပြီး လက်နက်၊ ရိက္ခာ တင်ပို့မှုများနှင့် စစ်ကြောင်းထိုး
မှုများ မကြာခဏ ပြုလုပ်နေသည့်အတွက် ဒေသပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ
မကြခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.