.
ရန်ကုန်တိုင်း၊ အင်းစိန်ထောင်ရှေ့တွင်
ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများ
ဖြစ်ပွားခဲ့ကာ စစ်တပ်အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ထားကြောင်း သိရသည်။
.
.အင်းစိန်ထောင်ရှေ့တွင်
ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံ ၂ ချက် ကြားခဲ့ရပြီး
ပစ်ခတ်သံ ၅ ချက်၊ ၆ ချက်ကြားရကြောင်း ဒေသခံများက ပြောသည်။
.
အင်းစိန်ထောင် ဘူးဝတွင်
ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး သေနတ် ၅ ချက်ခန့် ပစ်ခတ်ခဲ့ကာ အဆိုပါ နေရာ အနီးတွင် ကျောင်း
ရှိသည့်သည့်အတွက် မိဘများက ကလေးများကို ပြေးခေါ်ကြကြောင်းနှင့် စစ်ကောင်စီတပ်က နေရာအချို့ကို
ပိတ်ထားကြောင်း အင်းစိန်ဒေသခံတစ်ဦးက ပြောသည်။
.