ပစ္စည်းများ ခိုးယူပြီး နေအိမ်များအား မီးရှို့ဖျက်စီး နေသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပစ္စည်းများ ခိုးယူပြီး နေအိမ်များအား မီးရှို့ဖျက်စီး နေသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်



မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်အရှေ့ပိုင်းဇုံသို့ စစ်ကြောင်းထိုးလာပြီးနောက် Solar ပြားများနှင့် ပစ္စည်းများအား ခိုးယူ၍ နေအိမ်များကို မီးရှို့ဖျက်စီးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Young Force-UG က ယနေ့တွင် ထုတ်ပြန်သည်။

.

မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တပ်ရင်း-၁)၊ Pakokku Ranger ၊ Thakin Mya(လ/န ကြီးတပ်ဖွဲ့) ၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Young Force) တို့ ပူးပေါင်း၍ အောက်တိုဘာလ ၉ ရက်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်၏ ထိခိုက်မှုအား မသိရသေးကြောင်းနှင့် လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats