.
အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်၊
မော်ဘီမြို့ရှိ တံတားတစ်စင်း ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းက ပျက်ကျခဲ့ပြီး
အနည်းဆုံး လူ ၁၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
.
.နှစ်ပေါင်း ၁၅၀ ကျော်
သက်တမ်းရှိ ကိုလိုနီခေတ်လက်ကျန် အဆိုပါ လူကူးကြိုးတံတားသည် ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိန်စခန့်က
မက်ကာချူးမြစ်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်
လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
.
အိန္ဒိယအနောက်ပိုင်း၊
ဂူဂျာရတ်ပြည်နယ်ရှိ အဆိုပါ တံတားပေါ်နှင့် တံတားအနီးတွင် လူ ၅၀၀ ခန့်ကဘာသာရေး ပွဲတော်
ကျင်းပနေစဉ် တံတား ပျတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် အလောင်း
၁၄၀ ကျော်ကို ဆယ်ယူရရှိထားပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်ကာ လူ ၁၃၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့်
အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း မော်ဘီဒေသရဲမှူးက ပြောသည်။
.
အဆိုပါ တံတားသည် ဂူဂျာနယ်ပြည်နယ်၊
အာမက်ဒါဘက်မြို့၏ အနောက်ဘက် ၂၀၀ ကီလိုမီတာရှိ မက်ချူမြစ် ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး
တံတား အရှည် ၂၃၃ မီတာ၊ အကျယ် ၁ ဒသမ ၅ မီတာရှိကာ ဗြိတိသျှကိုလိုနီ လက်ထက် ၁၈၈၀ ပြည့်နှစ်တွင်
စတင်ဖွင့်လှစ်ခဲ့သည့် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
.