ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ အထိုင်ချ နေရာများအား ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေပြီး လက်နက်/ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့သည်ဟု Lion Battalion Commando Special Force က ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
.
ဗိုလ်ကျော်သက်နှင့် ဗျူဟာမှုး အယ်ဆေးဝါးဦးဆောင်၍ Angry bird Drone အဖွဲ့၊ ARMS Drone အဖွဲ့၊ Lion Battalion Commando Special Force စစ်ကြောင်းတို့ ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ခလရ(၉၇) တပ်ရင်းများကိုအောက်တိုဘာလ ၂၁ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
.
တိုက်ပွဲမှာ ၈ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်ထက် မနည်းတိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။