စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ မြစ်အောက်ပိုင်းမှ ဆန်တတ်လာသော စစ်သင်္ဘောများအား ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်တွင် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် (CRA) က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
.
ချင်းတွင်းမြစ်အတွင်း ဆန်တက် မောင်းနှင်လာသော စစ်သင်္ဘော ၇ စီးအနက် နောက်ဆုံး ၃ စီးတွဲကို နှစ်လုံးတွဲ (၂၀၀ မမ ) လက်နက်ကြီးဖြင့် ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်-CRA၊ တပ်ခွဲ ၂-CRA2၊ တပ်ခွဲ ၃-လေပွေမုန်တိုင်းတပ်ခွဲ၊ BLACK WOLF SOLDIERS အထူးကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံး ရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရိုက်ကူးရေး ကင်မရာ တစ်ခု ပျက်ဆီးခဲ့ပြီး JUMPER ပါသောကြောင့် ဒရုန်းဖြင့် တစ်မိုင်အကွာမှသာ ရိုက်ကူးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။