https://youtu.be/5rywTwaAOh8
.
မကွေးတိုင်း၊ ပခုက္ကူ အနောက်ဘုန်းကံ၌ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် တာဝေးပစ်ဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ခိုက်မှုကို Myaing Villages Revolution Front ၊ RSO (PKU)၊ Pakokku Ranger၊ ပခုက္ကူမြို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပခုက္ကူမြို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ Young Force စသည့် တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
စစ်ကောင်စီဘက်မှ ၆၀ မမ လက်နက်ကြီး ၅လုံးကျော်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း အထိခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ ထိခိုက်ပျက်စီးမှုကိုလည်း မသိရသေးကြောင်း ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ဆိုသည်။
.
မဟာမိတ်ပူးတွဲလေးကျင့်စစ်ဆင်ရေးနှင့် နည်းပညာ မျှဝေခြင်းအတွက် (ဦးစားပေး) ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ပူးတွဲစစ်ဆင်ရေးများနှင့် တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ရေးပစ်မှတ်အနီးတွင် နေထိုင်၊ သွားလာခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
.
[ Video | Young Force - UG ]