မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် လင်းကတောစခန်းကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် ( ပ.က.ဖ )၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ရင်း(၂)၊ Salingyi Special Task Force (SSTF) နဲ့ Earthquake people`s defence force တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လင်းကတောစခန်းရှိ ဘန်ကာ ၄ ခု ရှိသည့်အနက် ၂ ခု ကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်း ခြံစည်းရိုးကို မီးရှို့ဖျက်စီးနိုင်ခဲ့သော်လည်း လက်နက်/ခဲယမ်းလိုအပ်ချက်နှင့် စစ်ကောင်စီ၏ လေကြောင်းပစ်ကူကြောင့် ဆုတ်ခွာခဲ့ရသည်ဟုတယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်က ထုတ်ပြန်သည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။