.
တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်
ပြည်ထောင်စုလမ်းမကြီး၊ ကျိုင်းတုံနှင့် တုံတာမြို့အကြား၊ စပါယ်ရှယ်တောင်တွင် ယနေ့ အောက်တိုဘာလ
၄ ရက်၊ နေ့လယ်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကျိုင်းတုံမြို့မှ
တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် တောင်ပြာတန်းယာဉ်လိုင်းမှ Express ခရီးသည်တင်ယာဉ်သည် ကျိုင်းတုံနှင့်
တုံတာမြို့အကြား၊ စပါယ်ရှယ်တောင်တွင် ဘရိတ်ပေါက်ပြီး လမ်းဘေးတောင်နံရံကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့်
ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၄ ဦးတွင် စိုးရိမ်ရဒဏ်ရာ များ ရရှိခဲ့ကြောင်း
သိရသည်။
.