.
ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီ-ဝေါ်လေလမ်းပေါ်
နေရာ ၂ ခုတွင် ယမန်နေ့ အောက်တိုဘာလ ၅ ရက်က တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်
၃ ဦး သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
.
.
မြဝတီ-ဝေါ်လေလမ်းရှိ လူခို့ ဒေသသို့
ကျူးကျော်လာသော စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်
(KNLA) တပ်ရင်း (၂၇)၊ ကော်ဘရာ
ပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၅ ရက်၊ နေ့လယ်ပိုင်းတွင် လက်နက်ကြီးများဖြင့်
ပစ်ခတ်သဖြင့် ပူးပေါင်း တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ပြီး ဒရုန်းဖြင့်
ဗုံးကြဲခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ တောင်နီးကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခမရ
(၁၀၄) တပ်ကို ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းတွင် စနိုက်ပါဖြင့် တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း ကော်ဘရာ
စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိခဲ့ကြောင်း သိရသည်။
.
မြ၀တီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် လေကြောင်းပစ်ကူများ အသုံးပြု
တိုက်ခိုက်လျက်ရှိသော်လည်း ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များကို
ချေမှုန်းနိုင်ခြင်းမရှိဘဲ အထိနာလျက် ရှိပြီး ပြည်သူလူထုကို
ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.