ကချင်ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် အောက်တိုဘာ ၂၈ ရက်၊ ည ၈ နာရီတွင် ပြုလုပ်မည့် "မီးပိတ်သပိတ်လူထုလှုပ်ရှားမှု" တွင် ပြည်သူများအားလုံး ပူးပေါင်း ပါဝင်ကြရန် ဒေါက်တာ တေဇာဆန်း က တိုက်တွန်းနှိုးဆော်သည်။
.
" တစ်နိုင်ငံလုံး ကျေးလက်ရော၊ မြို့ပြရော၊ အိမ်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်း တစ်တိုင်းပြည်လုံး လျှပ်စစ်မီးတွေ အပါအဝင် မီး အားလုံးကို မှိတ်မယ်၊ ပိတ်မယ်။ အမှောင်ထုထဲမှာ ၁၀ မိနစ်ကြာ ဆောင်ရွက်ကြမယ်။ မီးပိတ်သပိတ် လှုပ်ရားမှုနဲ့အတူ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ၊ ပုဂ္ဂိုလ်တွေအတွက် ဝမ်းနည်းခြင်း၊ ဆုတောင်းမှုတွေကို ယုံကြည်ရာ ဘာသာတရားအလိုက် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်" ဟု ဒေါက်တာ တေဇာစန်း က ပြောသည်။
.
ကချင်မြေကို ထိခြင်းသည် တစ်နိုင်ငံလုံးကို ငြိတာ ဖြစ်ပြီး သွေးစည်းညီညွတ်မှုကို အရင်းတည်၍ တော်လှန်ခရီးကို အရှိန်အဟုန်မြှင့်ရမည့် အချိန်တန်ပြီဟုလည်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။