.
မြန်မာ့အရေးနှင့် ပတ်သက်၍
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၂၇ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.အင်ဒိုနီးရှားနိုင်ငံ၊
ဂျကာတာမြို့တွင် ပြုလုပ်မည့် အဆိုပါ အစည်းအဝေးတွင် လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်မည့်
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မတိုင်မီ မြန်မာ့အရေးကို အဖြေရှာနိုင်ရန်အတွက်
ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
လာမည့် နိုဝင်ဘာလတွင်
ပြုလုပ်မည့် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်း အဝေးများတွင် မြန်မာနိုင်ငံမှအပ
ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အစည်းအဝေးဖိတ်စာ ပေးပို့ထားပြီးဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ
ကမ္ဘောဒီးယားနိုင်ငံက ပြောဆိုထားသည်။
.