လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

.

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် အသက် ၂၁နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား မောင်ငယ်သည် လုံလောက်သည့် ကျန်းမာရေးဆေးကုသခွင့် မရရှိသည့်အတွက် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

.

.

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၇ နာရီခန့်က မောင်ငယ် သေဆုံးကြောင်း ၎င်း၏ မိသားစုထံ အကြောင်း ကြားလာခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၄ ရက်အထိ အလောင်းပြန်မရသေးကြောင်းနှင့် ၎င်း၏ မိခင်ဖြစ်သူမှ သေဆုံးသူ၏ ဆံပင်နှင့် လက်သည်း၊ ခြေသည်းအနည်းငယ်ကို ညှပ်ယူထားပြီး ရိုးရာအရ သင်္ဂြိုဟ်ရန် စီစဉ်နေကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ တာဝန်ရှိသူက ပြောဆိုထားသည်။

.

မောင်ငယ်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက လွိုင်ကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရပြီး PDF များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

.

၎င်းသည် ယခင်ကတည်းက အဆုတ်တီဘီရောဂါအခံ ရှိသူဖြစ်ပြီး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါး ကုသမှု မရရှိသည့်အတွက် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပြင်  PDF များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရပြီး ရဲချုပ်၊ စစ်ကြောရေး၊ အကျဉ်းထောင်များတွင် ဖမ်းဆီးခံရပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

.

[ Photo – PKPF ]

.

Journal Download

Photo of three cats