တောင်ကြီးတွင် အိမ်ခန်းငှားခ ဈေးနှုန်းများ မြင့်တက်လာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အိမ်ခန်းငှားခ ဈေးနှုန်းများ မြင့်တက်လာနေ

.

မြို့တော်တောင်ကြီးတွင် ဝါကျွတ်ကာလပြီးနောက်ပိုင်း အိမ်ခန်းငှားရမ်းလိုသူ များပြားလာနေသည့်အတွက် အိမ်ခန်း၊ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများ မြင့်တက်လာနေကြောင်း သိရသည်။

.

.

အိမ်ပိုင်မရှိသူများနှင့် အိမ်ပြောင်းရွှေ့ရန် လိုအပ်သူများအနေြင့် အိမ်ခန်းငှားရမ်းမှု လိုအပ်ချက် မြင့်တက်လာ နေသည့်အတွက် ငှားရမ်းခဈေးနှုန်းများ မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ဝါကျွတ်တော့ အိမ်ငှားချင်တဲ့လူတွေ များလာတာပေါ့။ မြို့ပေါ်မှာ ငှားနေတဲ့လူတွေလည်း နေရာပြောင်းတာမျိုး ရှိတယ်။ တချို့တွေကျတော့လည်း တစ်ခြားနယ်တွေဘက်ကနေ လာပြီးငှားနေကြတာပေါ့။ ငှားရမ်းခတွေကတော့ ဈေးအမျိုးမျိုး ရှိပါတယ်။ အရင်ထက်စာရင်တော့ ငှားခတွေ ဈေးတက်သွားတာမျိုးရှိပါတယ်” ဟု တောင်ကြီးမြို့ပေါ် တွင် အိမ်ခြံမြေ ရောင်းဝယ်၊ အငှား အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

.

COVID-19 ကပ်ရောဂါကာလနောက်ပိုင်း ပြည်သူလူထု စီးပွားရေးကျဆင်းမှုနှင့်အတူ လက်ရှိနိုင်ငံရေး အခြေအနေ များကြောင့် လုပ်ငန်းများ ပြန်လည် နာလန်ထူနိုင်ခြင်း မရှိသေးသည့်အတွက် အိမ်ခန်းငှားရမ်းခ ဈေးနှုန်းများ မြင့်တက် လာခြင်းသည် ကိုယ်ပိုင်အိမ် မရှိသူများအတွက် ကြီးမားသော အခက်အခဲတစ်ရပ် ဖြစ်စေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“အလုပ်တွေမကောင်းလို့ စီးပွားရေး အဆင်မပြေတဲ့အချိန်မှာ အိမ်ငှားခတွေ ဈေးတက်နေတော့ ပိုပြီး ဒုက္ခရောက်သလို ဖြစ်နေတာပေါ့။ မပေးနိုင်ရင်လည်း နေစရာက ရှာရခက်တော့ မနည်းကို ရုန်းကန်နေရတယ်” ဟု အိမ်ခန်း ငှားရမ်း နေထိုင်သူတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်ရှိ လမ်းမကြီးဘေး နေရာများတွင် အိမ်ခန်း၊ ဆိုင်ခန်းငှားရမ်းခ များမှာ ၃ သိန်းကျပ် မှ ၅ သိန်းကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိပြီး ရပ်ကွက်များအတွင်း အိမ်ငှားရမ်းခများမှာ ၂ သိန်းကျပ်ခန့် ပေါက်ဈေးရှိကာ ၁၀ ပေ ပတ်လည် အခန်းကျဉ်းများပင်လျှင် ကျပ် ၅ သောင်းအထိ ပေးနေရကြောင်း သိရသည်။

.

Journal Download

Photo of three cats