သထုံတွင် ဘီယာဆိုင်အတွင်း အသတ်ခံရသည့် နယ်ထိန်းအလောင်းကို ဘီယာဆိုင်ပိုင်ရှင်အား သင်္ဂြိုဟ်ခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သထုံတွင် ဘီယာဆိုင်အတွင်း အသတ်ခံရသည့် နယ်ထိန်းအလောင်းကို ဘီယာဆိုင်ပိုင်ရှင်အား သင်္ဂြိုဟ်ခိုင်း

.

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘီယာဆိုင်အတွင်း အသတ်ခံရသည့် နယ်ထိန်းအလောင်းကို ဘီယာဆိုင်ပိုင်ရှင်အား တာဝန်ယူသင်္ဂြိုဟ်ခိုင်းထားကြောင်း သိရသည်။

.

.

သထုံမြို့၊ ဈေးမသွယ်ရွာရှိ ဘီယာဆိုင်တစ်ခုတွင် အောက်တိုဘာလ ၂၅ ရက်၌ သုဓမ္မဝတီမြို့သစ်မှ နယ်ထိန်း အောင်ဝင်းထွန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ဖြင့် ၅ ချက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ နယ်ထိန်း၏အလောင်းကို ဆေးရုံတွင် စစ်ဆေးပြီး ဘီယာဆိုင်သို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကာ ရဲစခန်းက ဆန် ၂ အိတ်နှင့် ယပ်တောင်များသာ ထောက်ပံ့ပေးသဖြင့် သင်္ဂြိုဟ်နိုင်ရန်နှင့် ကျွေးမွေးရန်အတွက် ရွာအတွင်းရှိ အိမ်များထံမှ အလှူငွေ ကောက်ခဲ့ရကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောဆိုထားသည်။

.

အဆိုပါ အသတ်ခံရသည့် နယ်ထိန်းအလောင်းကို ယနေ့ အောက်တိုဘာလ ၂၇ ရက်၊ နေ့လယ်တွင် သင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats