.
ယနေ့ အောက်တိုဘာလ ၅ ရက်၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ်
မြိုင်မြို့နယ်တွင် “စစ်ပုလ္လင်ကိုရိုက်ချိုးမယ့် တော်လှန်မျိုးဟေ့ ဒို့ဆရာ” စာတမ်းကိုင်ဆောင်ကာ
စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.
ထိုသို့ ဆန္ဒပြရာတွင် ဗကသ ရဲဘော်များ၊
ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာ
အထွေထွေ သပိတ်ကော်မတီ (BEGSC-MYAING)၊ မြိုင်မြို့နယ်
ပညာရေးဘုတ် အဖွဲ့နှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်း ချီတက်ခဲ့ကြကြောင်း သိရသည်။
.