.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ
နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၂၅ ရက်၊ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းကျော်အား
လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များသည်
အောက်တိုဘာလ ၂၅ ရက်၊ ည ၁၀ နာရီခန့်က သတင်းအရ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ စံပယ်လမ်းနေ
ညွန့်မောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ
စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၃၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀ ဒသမ ၃ သိန်းအား
တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ
ဖမ်းဆီးရမိသူ ညွန့်မောင်ကို တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ
အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
.