လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်

.

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဝင်ရောက်မွှေနှောက်လျက်ရှိကြောင်း သိရသည်။

.


.

ပြီးခဲ့သည့် ရက်ပိုင်းက လွိုင်ကော်လေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် ယင်းကဲ့သို့ ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်၊ ညပိုင်းမှစတင်ပြီး လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

 စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်ခတ်သည့် ကျေးရွာများသည် ပြည်သူများ နေထိုင်ရာ နေရာဖြစ်ပြီး ကရင်နီပြည်နယ်အတွင်းရှိ အခြားမြို့ရွာများမှ စစ်ဘေးရှောင်များ လာရောက်နေထိုင်နေသည့် နေရာလည်းဖြစ်ကာ မည်သည့် ကာကွယ်ရေးတပ်ဖွဲ့မျှ မရှိကြောင်း ဒေသခံများက ဆိုသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး လွိုင်ကော် လေဆိပ်အဆင်းတွင် ပစ်ခတ်ခံရပြီးနောက် လေယာဉ်ဆင်းရာ လမ်းကြောင်းတစ်လျှောက် ဒေသများတွင် စစ်ကောင်စီ တပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

.

ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၂ သိန်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

.

Journal Download

Photo of three cats