ရုရှား တပ်သားသစ် လေ့ကျင့်ရေးစခန်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရုရှား တပ်သားသစ် လေ့ကျင့်ရေးစခန်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၃ ဦး သေဆုံး

.

ရုရှား-ယူကရိန်းနယ်စပ်အနီးရှိ ဘဲလ်ဂိုရော့ဒ် အရန်တပ်သားသစ် လေ့ကျင့်ရေးစခန်းတွင် အောက်တိုဘာလ ၁၅ ရက်၊ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၁၃ ဦး သေဆုံးကာ ၁၅ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

တပ်သားသစ်များသည် ကျည်အစစ်ဖြင့် လေ့ကျင့်နေချိန်တွင် အရန်တပ်သားသစ်အဖြစ် စုဆောင်းခံထားရသည့် တာဂျစ်ကစ္စတန်နိုင်ငံသား ၃ ဦးက အခြားအရန်တပ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှုတွင် ပစ်ခတ်သူ ၂ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူ ၁ ဦး ထွက်ပြေးလွတ်မြောက်သွား ကြောင်း သိရသည်။

.

ပစ်ခတ်မှု ကျူးလွန်သူ တာဂျစ်ကစ္စတန်နိုင်ငံသား ၃ ဦးသည် ရုရှားနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေစဉ် အရန် တပ်သားသစ်အဖြစ် စုဆောင်းခံရခြင်းဖြစ်ကြောင်း ရုရှားသတင်းများတွင် ဖော်ပြထားသည်။

.

ယူကရိန်းစစ်ပွဲတွင် ပါ၀င်တိုက်ခိုက်ရန်အတွက် သမ္မတပူတင်က အရန်အင်အားများ ဆင့်ခေါ်မှုကြောင့် ရုရှားနိုင်ငံ တစ်ဝန်း ဆန္ဒပြမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

.

Journal Download

Photo of three cats