.
ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်တွင် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့်
စစ်ကောင်စီ၏ ဖျော်ဖြေရေးမဏ္ဍပ် ယမန်နေ့ အောက်တိုဘာလ ၆ ရက်၊ ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း
သိရသည်။
.
.
ထားဝယ်ကမ်းနားလမ်း၊ သဲကွင်းအနီးတွင် ဆောက်လုပ်ထားသည့် စစ်ကောင်စီ၏
ဖျော်ဖြေရေးမဏ္ဍပ်ကို သတိပေး သည့်အနေဖြင့် Guerrilla Dawei ပြောက်ကျားတပ်ဖွဲ့က
ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းသို့ ပေါက်ကွဲမှုကြောင့် ဖျော်ဖြေရေးမဏ္ဍပ် ကြမ်းခင်းနှင့်
အမိုးများ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.
ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို အောက်တိုဘာ ၈
ရက်နှင့် ၉ ရက်နေ့တွင် ကျင်းပရန် စစ်ကောင်စီက စီစဉ်ထားခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး စစ်အုပ်စုကြောင့် ဒုက္ခရောက်နေချိန် စစ်ကောင်စီပြုလုပ်သည့်
ပျော်ပွဲ၊ရွှင်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် ထားဝယ်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
.
အဆိုပါ စစ်ကောင်စီ ဖျော်ဖြေရေးမဏ္ဍပ်
ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက သေနတ်များဖြင့်
ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
.
[ ဓါတ်ပုံ - ၂၀၁၉ ခုနှစ်က ပုံဟောင်းဖြစ်သည်။
]
.