စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဗုံးထောင်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဗုံးထောင်တိုက်ခိုက်

.

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းဝင်းအတွင်းရှိ စခန်းမှူးအိပ်ဆောင်အတွင်းသို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း (LDF) တပ်ဖွဲ့က ယနေ့ အောက်တိုဘာလ ၃၀ ရက်၊ နံနက်အစောပိုင်း တွင် ဝင်ရောက်ဗုံးထောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

.

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးရှိ လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်း အတွင်းရှိ စခန်းမှူးအိပ်ဆောင် အတွင်းသို့ ယနေ့ အောက်တိုဘာ ၃၀ ရက်၊ နံနက် ၂နာရီခန့်က ဝင်ရောက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း (LDF) တပ်ဖွဲ့က အသိပေး ထားသည်။

.

ပြည့်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း ၊ စလင်းတပ်ခွဲ ရဲဘော်များက အဝေးထိန်းရီမုမိုင်း ၂ လုံးအား ရဲစခန်းဝင်းအတွင်း အိပ်ဆောင်ပေါ်အထိ သွားရောက်တပ်ဆင်ကာ အဝေးမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

.

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှုအခြေအနေများကို စုံစမ်းနေဆဲဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

.

ပြည်သူ့ကာကွယ်ရေးတပ်မတော် - အနောက်ပိုင်းတိုင်း (LDF)တပ်ဖွဲ့သည် သက်ဆိုင်ရာတပ်ခွဲများအလိုက် လက်နက်ကိုင် တော်လှန်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း နိုင်ရာတာဝန်များကို ပါဝင်ကူညီထမ်းဆောင်ရင်း တော်လှန်ရေးအရှိန် ဝိုင်းဝန်းမြှင့်တင်ကြရန် ၎င်းအဖွဲ့က နှိုးဆော်ထားသည်။

.

Journal Download

Photo of three cats