.
ကရင်အမျိုးသားအစည်းအရုံး
(KNU) တပ်မဟာ (၁) ထိန်းချပ်နယ်မြေ၊
ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်အကူညီများ
လိုအပ်နေကြောင်း သိရသည်။
.
.
ကျိုက်ထိုမြို့နယ်အတွင်းသို့
ပြီးခဲ့သည့် အောက်တိုဘာလဝက်ခန့်က စပြီး စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
ပူးပေါင်းတပ်များနှင့် တိုက်ပွဲ များ ဖြစ်ပွားနေပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း
သိရသည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က
ပိန္နဲကုန်းကျေးရွာနှင့် ရွှေဂဲရိုးကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးဝန်းကျင်
ကျေးရွာများတွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသည့်အတွက် ဒေသခံ ၈၀၀၀ ကျော်သည် နီးစပ်ရာ
တော်တောင်များနှင့် ဘေးလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
.
လက်ရှိတွင်
ထွက်ပြေးတိမ်းရှောင်နေရငဘါ် ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အဝတ်အထည် အပါအဝင် ဆေးဝါ
အကူအညီတွေ လိုအပ်နေပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ကရင်အရပ်ဘက်အဖွဲ့များက ကူညီမှုများ ဆောင်ရွက်ပေးနေသော်လည်း
မလုံလောက်ကြောင်း သိရသည်။
.