.
စစ်ကောင်စီ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပခရီးသွားများ
ဝင်ရောက်မှု မရှိတော့သည့်အတွက် အင်းလေး ဒေသတွင် ယခုနှစ် ခရီးသွားရာသီအတွင်း ပြည်တွင်းခရီးသွားများ
ဝင်ရောက်လာရန် မျှော်လင့်နေရကြောင်း ဒေသခံ များထံက သိရသည်။
.
.
မကြာမီရက်ပိုင်းအတွင်း သီတင်းကျွတ် ကျောင်းပိတ်ရက်ရှည် ရောက်ရှိလာတော့မည်
ဖြစ်သည့်အတွက် ဒေသတွင်းနှင့် ပြည်တွင်း ခရီးသွားဧည့်သည်များ အင်းလေးဒေသသို့ ဝင်ရောက်လာရန်
မျှော်လင့်နေကြောင်း ဒေသခံများက ဆိုသည်။
.
၂၀၂၀ ပြည့်နှစ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့်
အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပ နိုင်ခဲ့ခြင်းမရှိသလို ခရီးသွားများ ဝင်ရောက်မှုမရှိခဲ့ဘဲ
၂၀၂၁ ခုနှစ်နှင့် ယခုနှစ် ၂၀၂၂ တွင်လည်း စစ်အာဏာသိမ်းမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်
အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပနိုင်ခြင်း မရှိသဖြင့် အင်းလေးဒေသ ခရီးသွား စီးပွားရေးလုပ်ငန်းများ
ကျဆင်းနေကြောင်း သိရသည်။
.
“COVID-19 ဖြစ်တဲ့အချိန်ကစပြီး ခရီးသွားတွေ မလာတော့တာ အခုထိပါပဲ။
ကျွန်တော်တို့ရဲ့ စီးပွားရေးက ဧည့်သည် ဝင်မှ အလုပ်ဖြစ်တာဆိုတော့ အခုက စားဝတ်နေရေးတွေ
တော်တော်ကို ကြပ်တည်းနေကြတယ်။ လာမယ့် သီတင်း ကျွတ်ကျောင်းပိတ်ရက်အတွင်းမှာတော့ ဧည့်သည်တွေဝင်လာမယ်လို့
မျှော်လင့်ပါတယ်” ဟု စက်လှေမောင်းနှင်သူ တစ်ဦးက ပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အင်းလေးဒေသအပါအဝင် မြန်မာနိုင်ငံတစ်ခုလုံးသို့ ပြည်ပ ခရီးသွားဧည့်သည်
ဝင်ရောက်မှုမရှိတော့သည့်အတွက် ပွင့်လင်းရာသီ ကျောင်းပိတ်ရက်အတွင်း ပြည်တွင်းခရီးသွား
များအား မျှော်လင့်နေရကြောင်း ဒေသခံများက ဆိုသည်။
.
“ပုံမှန်အတိုင်းဆိုရင်တော့ ပြည်တွင်းအပြင် နိုင်ငံခြားသားတွေကိုစောင့်ပြီး
ဈေးရောင်းရတာပေါ့။ အခုကျတော့ သူတို့တွေ မလာတော့ ကိုယ့်နိုင်ငံထဲက
ဧည့်သည်တွေ လာဖို့ပဲ စောင့်နေရတယ်။ နိုင်ငံရေးအခြေအနေအရ ဧည့်သည် အဝင်နည်းတော့ ဈေးရောင်းရတာလည်း အဆင်မပြေပါဘူး။ သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်း ဧည့်သည်ဝင်
ရင်တော့ စျေးရောင်းရမယ်ထင်ပါတယ်” ဟု ဈေးရောင်းချသူတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ
အင်းလေးကန် ဒေသသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားသည့်
ဒေသတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းဝင်ငွေအား အဓိက အားထားနေရသော ဒေသတစ်ခု လည်းဖြစ်သည်။
.