.
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်၊ ညပိုင်းက ရေခဲသေတ္တာ အပူလွန်ကဲ ရာမှ ဆိုင်ခန်းတစ်ခန်း
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ဘူးသီးတောင်မြို့၊
အမှတ် (၆) မြို့သစ်တောင်ရပ်ကွက်၊ အား/ကာ တိုက်တန်းရှိ ဦးဝင်းလှိုင် ပိုင်ဆိုင်သော
အဖျော်ယမကာ အရောင်းဆိုင်ခန်းတွင် Media
အမျိုးအစား ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
မီးလောင်မှုကြောင့်
လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိဘဲ ရေခဲသေတ္တာတစ်လုံးနှင့် အလျား ၁၆ ပေ၊ အနံ ၁၂ ပေရှိ
သွပ်မိုး အုတ်ကာ အဆောက်အဦ မီးသင့်ခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုကို
ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့်
ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ဆိုင်ရှင်ကို မီးပေါ့ဆစွာ
သုံးစွဲမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.