မြောင်မြို့နယ် လဝကရုံးနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြောင်မြို့နယ် လဝကရုံးနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


အမျိုးသမီးဒရုန်းတပ်ဖွဲ့ (T.G.R Women Drone Force)၊ ဒီမိုပျောက်ကြားတပ်ဖွဲ့ နှင့် Saw Bwar Gyi (MPDF) တို့ ပူးပေါင်း၍ မြောင်မြို့နယ် လဝက ရုံး နှင့် စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း T.G.R Women Drone Force က ထုတ်ပြန်သည်။

.

်စစ်ကောင်စီကို ထောက်တိုင်ဖြစ်စေရန်အတွက် လဝက ရုံး၌ ပုန်းလျှိုးကွယ်လျှိုး ရုံးတက်နေကြသည်ကို သတိပေးသည့် အနေဖြင့် သတိပေးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စက်မှုလယ်ယာရုံးရှေ့၌ စစ်ဆေးရေး လုပ်နေသော စစ်ကောင်စီအဖွဲ့ကိုလည်း ဗုံးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၂ ဦးမှာ စခန်းသို့ ပြန်ရောက်ချိန် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မြောင်မြို့နယ် အခြေစိုက် T.G.R Women Drone Force တပ်ဖွဲ့သည် စစ်ကောင်စီတပ်၏ ယာဉ်၊ စခန်းနှင့် စစ်ဆေးရေးဂိတ်များကို ဒရုန်းဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေသော အဖွဲ့ ဖြစ်သည်။

Journal Download

Photo of three cats